အပျံသင်စအရွယ်မှာ
တောင်ပံတွေ ကြွပါလို့
မိုးတိမ်တွေ အားကျရင်း
အသိုက်ကထွက်ခဲ့တာ။
ဒီလိုနဲ့ ငှက်ငယ်ဟာ
လေဝေ့ရာ လူးလွန့်ခတ်ရင်း
ရောက်လုပြီ တိမ်နေမင်းရယ်နဲ့
အားဆက်ခဲ့ရှာ။
မုန်တိုင်းရယ်လာ
ခိုစရာ အသိုက်ပင်ရှိပါသော်လည်း
ယိုင်နဲ့ကာ မခိုင်မာလေတော့
ထွက်ခဲ့ရပြန်တစ်ခါ။
နားဦးမယ်ကြံတဲ့ အခါ
အသိုက်စစ်ဟာ ဘယ်မှာရှိပါလိမ့်
အလံမလှဲပါ
ပျံဆဲမှာ
အသိုက်ဟောင်းကို မြင်ယောင်မိရင်တော့
ချန်ရစ်အိမ် တမ်းတစိတ်ရယ်နဲ့
လွမ်းမျက်ရည်ဝဲ။
ရွှေဂျမ်း
Friday, September 12, 2008
ပျံလွမ်းဆဲ ငှက်ငယ်
Subscribe to:
Post Comments (Atom)

6 comments:
ချစ်စရာကောင်းနဲ့ လွမ်းစရာ ကဗျာလေးပါ။ ခေါင်းစဉ်လေးကို သဘောကျတယ်။ အထူးသဖြင့် ပျံလွမ်း ဆိုတဲ့ဝေါဟာရကို ပေါ့။
ကဗျာလေးက ကောင်းလိုက်တာ။ အိမ်ကို အရမ်းလွမ်းနေတယ်နဲ့ တူတယ်။
ရွှေဂျမ်းဆီစာလာဖတ်ပြီးတော့ ပျံလွမ်းသွားပါတယ်...
အလံ မလှဲပါ
ပျံ ဆဲမှာ.. တဲ့
ညီမလေးရေ အမတို့ အသိုက်စစ်ကို လွမ်းဆဲပါ။
ကဗျာလေးကို ကြိုက်လိုက်တာ..
မလင်းဆီကနေ ရောက်လာပါတယ်။
ငှက်ကဗျာလေးကို ခံစားသွားပါတယ်။
"အပျံသင်စအရွယ်မှာ
တောင်ပံတွေ ကြွပါလို့
မိုးတိမ်တွေ အားကျရင်း
အသိုက်ကထွက်ခဲ့တာ။"
. . . ဒီလိုပါပဲ . . ။
အမရေ ပထမဆုံး ပျံသန်းလာတာပါ..ဟုတ်ပေါင်..
ပထမဆုံးလာလည်ဖူးတာပါ..အိမ်ကို ပျံသန်းဖို့ အတောင်တစ်စုံလောက်ရှိရင် ခဏ ငှားပါလို့ ..အဟီး
Post a Comment