ဒီညနေ ဂျီတော့ထဲမှာ ဟင်းချက်နေပါသည်လို့ ရေးထားတော့ သူငယ်ချင်းမိတ်ဆွေ တစ်ချို့က မေးကြပါတယ်။ ဘာတွေချက်နေလဲ တဲ့။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ မနေ့က Thanksgivingရယ်၊ ဒီနေ့ရယ် နှစ်ရက်ပေါင်းပြီး နားရလို့ တစ်ခါတစ်လေ အိမ်မှာ စိတ်လိုလက်ရ ထမင်းဟင်းချက်စားပါတယ်။ ဘိုစာတွေတော့ မဟုတ်ဘူး။ မြန်မာထမင်းဟင်းကို စားချင်နေတာမို့ ကြက်အသည်းဟင်း၊ ကန်စွန်းရွက်ချဉ်ရည်ဟင်း၊ ငါးပိရည်စပ်စပ်နဲ့ တို့စရာချက်စားတာပါ။
ထမင်းလေးက ၀ါနေတာ ကြက်အသည်းဟင်းခပ်တုန်း က အိုးထဲက ဆီကို လူးထားတာ။ ငါးပိရည်လေးဘေး က တို့စရာကတော့ မုန်ညင်းရွက်ပြုတ်နဲ့ ခရမ်းသီးလေး တွေ ပြုတ်ထားတာ။ ကန်စွန်းရွက်ချဉ်ရည်ဟင်း ထဲမှာ ငါးလေးတွေလည်း ပါတယ်။ စားလို့ကောင်း သလား မမေးနဲ့။ (ကြွားလို့ရတုန်း ကြွားတာ) ကဲကဲ အိမ်ချက် လေး နဲ့ ဧည့်ခံတယ်လို့ သဘောထားပြီး စားသောက် သွားကြပါနော်။ အဲ သူငယ်ချင်းတွေက ပြောသေးတယ် ကိုယ်တိုင်ချက်တာပဲ ကျွေးနော်တဲ့။ စိတ်ချပါ။ ရွှေဂျမ်း ကိုယ်တိုင်ချက်တာ အာမခံ ပါတယ်နော်။ ဘာလို့လဲဆိုတော့ အိမ်ချက်တောင်မှ မချက်တတ် ချက်တတ်ချက်တဲ့ လက်ရာမို့ ရွှေဂျမ်းလက်ရာ အစစ်ပါ။ ဓါတ်ပုံကလည်း ဟင်းချက်ပြီး ဆာနေ တုန်း ကမန်းကတန်းရိုက်ရတာမို့ သိပ်မလှမပပုံလေးပါ။ ဒါလေးနဲ့တောင် ဖတ်သူတွေ ဗိုက်ဆာအောင် အမြင် ကောင်းတယ်ဆိုရင်တော့ အပြင်မှာတွေ့တော့ လည်း တကယ်ချက် ကျွေးမှာပေါ့နော်။

10 comments:
စားချင်လိုက်တာ ဂျမ်းရယ် ..ဂလုဂလု သိတ်ကောင်းတာဘဲ။ ငပိရည်ကလေးနဲ့ တို့စရာ အမိုက်ဆူံးဘဲ
ကန်စွန်းရွက် ချဉ်ရည်လေး ဆမ်းပြီး ငပိရည်နဲ့ တို့စရာ ကို ဂျွတ်ဂျွတ်မြည်အောင် အုပ်သွားတယ်။
အိုးလူးထားတဲ့ ထမင်းလေးကလဲ ကောင်းမှ ကောင်း။
ဟက်ပီးဘာ့သ်ဒေး ညီမလေး ဂျမ်း။
ဟင့်သူတို့ က ဦးသွားပြီ။ ငပိရည်ဘဲကျန်တော့တယ်။ စားမယ် စားမယ်။ ကိုယ်တိုင်ချက်တာ သေချာတယ်နော်။ ဟိဟိ။
စားချင်စရာလေး မို့မနေနိုင်လို့ .. ၀င်စားသွားတယ်... ကျွေးပါနော်အမ.. အကုန်စားသွားပြီ
ချည်ရည်ဟင်းလေးနဲ့ စားသွားတယ်။
မမ..လှထုံ..လင်းနဲ့..နောက်၂ယောက်
ဘေးကို..ဘေးကို..
ကျနော်လာစားတော့မယ်..
မြန်မာစာစစ်စစ်လေးစားချင်နေတာ...
အာလူးနည်းတဲ့ဂျမ်းရေ..
အ၀စားသွားပြီနော့...
အမြင်နဲ့တင်စားလို့ကောင်းမှာကတော့ သေချာတယ်။ အဟဲ ဒါဆို အပြင်မှာလည်းကျွေးမယ်ဟုတ် :P
ထမင်း လာစားသွားတယ် မဂျမ်း။ မလင်းရဲ့ ဘလောက်မှာ မွေးနေ့ဆုတောင်း တွေ့လို့။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ နော်...။
ဂျမ်း မွေးနေ့နှစ်တရာ တိုင်ပါစေနော်..
အမ နောက်ကျဆုတောင်းလေးမို့ အားနာသား။။။
လင်းဘလော့က ဖတ်မိတာ သိလိုက်တာ..
ထမင်းပွဲတော့ စားသွားပြီနော်.. ဗမာစာ ငတ်နေတုန်း ဆိုတော့ အတော်ပဲပေါ့ကွယ်... ကျေးဇူး..
Post a Comment