Saturday, November 29, 2008

ရဲရဲသာလှမ်း

လျှောက်ခဲ့တဲ့လမ်း...
တချို့နေရာမှာ ပန်းခင်းထားတယ်...
တချို့နေရာမှာ ဆူးနင်းပြီးသွားရတယ်...
တခါတရံမှာ အေးမြတဲ့အရိပ်အောက်..
.တခါတရံမှာ ပူလောင်တဲ့နေရောင်ရောက်...
တခါတရံမှာ မိုးတွေသည်းလို့ ခိုရာပျောက်...
ဒါပေမယ့်
အခက်အခဲတွေ့လည်း စိတ်မပျက်နဲ့ ...
လမ်းဆိုတာ ပြီးအောင် လျှောက်ရာမှာမို့ ...
အလုပ်ကို ဖြစ်မြောက်အောင် လုပ်တတ်သူဖြစ်ရမှာမို့ …
လှမ်းခဲ့တာလည်း အလှမ်းပေါင်းများစွာ ခရီးရောက်ခဲ့ပြီ
မှန်းကြည့်လိုက်တာ…
နောင်အလှမ်းပေါင်း ရာကျော်အောင်မြင်တက်လှမ်းစေဖို့ …
ရဲရဲသာ ဆက်လှမ်းလိုက်ပါစို့....။.

5 comments:

P.Ti said...

ရဲရဲသာ ဆက်လှမ်းမယ့် ရွှေဂျမ်းအတွက် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

လင်း said...

ရဲရဲသာ ဆက်လှမ်းဘို့  အဖော်မွန်ကောင်းလေး တယောက်လဲ လိုသေးတယ်

Honey said...

Way to go, Aunty Boke !
Aee..., Aunty Gyan!!!

Moe Cho Thinn said...

စိတ်အေး ချမ်းမြေ့စွာ လျှောက်လှမ်း ပျော်ရွှင်နိုင်ပါစေ။

PAUK said...

လင်းပြောသလိုပဲ...