မလင်းက tag ထားပြန်ပါတယ်။ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ချက်တဲ့။ သူများရေးတာတွေ လိုက်ဖတ် ကြည့်တော့လည်း တူတဲ့ အချက်တွေက အတော်များသား။ တစ်ယောက်စီနဲ့ အနည်းဆုံး သုံးလေး ချက် လောက်စီတော့ တူတတ်ကြတယ်ဆိုတော့ ကိုယ့်ကိုယ်ကို သိပ်စိတ်ပျက်စရာလို့ မတွေးမိတော့ဘူးပေါ့။ (အဲလို ဖြေတွေးတွေးတာကိုက မုန်းစရာနော်။)
၁။ မလုပ်ချင်သေးသော အလုပ်များကို နေ့ရွှေ့ညရွှေ့ ရွှေ့ခြင်း (Procrastinate လုပ်ရာမှာ Pro ပေါ့ကွယ်။)
၂။ တွေဝေခြင်း
၃။ ရင်ထဲက အနာများကို အလွယ်တကူ မမေ့ပျောက်တတ်ခြင်း
၎။ ခေါင်းမာခြင်း - မှန်တယ်ထင်ရင် မလျှော့တတ်ခြင်း
၅။ စိတ်တို စိတ်ပျက်ရင် ဟန်မဆောင်တတ်ခြင်း
၆။ အားနာတတ်ခြင်း
၇။ အိမ်အလုပ် မလုပ်ချင်၊ မလုပ်တတ်ခြင်း
၈။ လွမ်းစရာတွေ စဉ်းစားမိရင် အင်မတန် ၀မ်းနည်းတတ်ခြင်း
၉။ အာရုံများခြင်း သို့မဟုတ် လုပ်ချင်တဲ့အလုပ်တွေ အရမ်းများခြင်း
၁၀။ စကားများခြင်း
ဒီ၁၀ချက်မှာ ဘယ်အချက်က ဘယ်အချက်ထက် ပိုတယ်ဆိုတာမျိုး စဉ်ထားတာမျိုးမဟုတ်ပါ။ စိတ်ထဲမှာ စဉ်းစားလို့ရတာ ၁၀ချက်ကိုသာ မြန်မြန်ချရေးလိုက်တဲ့သဘောပါ။ တကယ်သာ ဆက်ရေးရရင် အချက်တွေကို နည်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် အကုန်သာ ဆက်ပြောရင်လည်း ကောင်းတာ မကျန်တော့ပဲ နေမှာစိုးလို့ ဒီ၁၀ချက်နဲ့ပဲ ဖြတ်လိုက်ပါတော့မယ်။ ကဲ.. အကြွေးကျေပြီနော် အကြွေးရှင် ဒေါ်ဒေါ်လင်းရေ။

4 comments:
အကုန်နီးနီးတူတယ်..ရွှေဂျမ်းရေ..
ဒါကြောင့်...လင်းကို ၁၀ချက်နဲ့
မလောက်ဘူးလို့...
အားး မုန်းစရာအကြောင်းတွေပေးထားတယ်ပေါ့
တကယ်မုန်းချင်ရင် reason မလိုဘူးနော့
အမှန်က ၉ချက်ပဲရေးပြီး စဉ်းစားလို့မရတော့လို့ပါလို့ လုပ်လိုက်ရမှာ အဲဒါမှတကယ်မုန်းစရာ
မလုပ်ချင်သော အလုပ်များကို နေ့ ရွှေ့ ညရွှေ့ ခြင်း
ဆိုသည့်အချက်နှင့်အညီ tag ကို ခုမှရေးပါသည် ပေါ့နော်။ ပေကပ်ကပ် အင်မတန်နိုင်ခြင်း၊ အပျင်းထူခြင်း ။ စကားအလွန်များသော်လည်း တခါတရံ တဖက်ကပြောနေသူ တစ်ယောက်တည်း နရံနှင့် ပြောနေရသလား ထင်ယောင်ထင်မှားဖြစ်အောင် စကားမပြန်ချင်း။ အဲဒါတွေကျန်သေးတယ်။( မွေးနေ့ ပို့ စ်ရေးတုန်းက သနားးးးလို့ ချန်ထားခဲ့တာတွေ ခုဖြည့်ပေးလိုက်တယ်နော်)
နံပါတ်၈ အချက်ထပ်တူညီ၏။
နောက်ကျတာမှ တော်တော်နောက်ကျစွာရေးပေးလို့ 
ကျေးဇူးကိုလဲ နောက်ကျပြီးမှတင်တယ်ကွား)။
ကံကောင်းတယ်မှတ်ပါ မဟုတ်ရင် အကြွေးနဲ့ သိမ်းတော့ မလို့ 
Post a Comment