မလင်းက ခုတလော သူ့ဘလော့နဲ့ အခြားဘလော့တွေက အစား အသောက်တွေ လာလာပြပြီး နှိပ်စက် လွန်းတော့ ဖတ်ရတဲ့လူက သွားရည်ခံ လေးဝတ်ပြီး ဘလော့ဖတ်ရမလို ဖြစ်နေပြီ။ ဒီတစ်ပါတ်တော့ ဟင်း က လည်း ချက်ချင်စိတ်မရှိပြန်ဘူး။ နောက်ပြီး ဘယ်လိုဖြစ်တယ်မသိ ဂျပန်စာ ဆာရှီမီကို တမ်းတမ်းတတ စားချင်နေတာနဲ့ ဒီမြို့က ဘူဖေးဆိုင်မှာ တစ်ယောက်တည်း သွားပြီး အ၀စားလာခဲ့တယ်။ အဲဒီဆိုင်ကို တူမလေး လာတုန်းကလည်း ခေါ်သွားဖူးတယ်။ ဒီတစ်ခါတော့ အ၀စားလည်း အရှက်ကွဲစရာ မရှိဘူးဆိုတော့ ပင်လယ်စာတွေချည်း စိတ်ထင်တိုင်းကို အ၀ စားပစ်လိုက်တယ်။ ဆိုင်က ဆီးဖုဒ် ဘူဖေးဆိုတော့ ပင်လယ်စာ တွေ တော်တော်တော့ စုံသား။ ဂဏန်းကြီး၊ ဂဏန်းသေး၊ ပုစွန် အမျိုးမျိုး၊ ခရုဆိုက်စုံ (oyster, mussel, clam)၊ ဆူရှီ ဆာရှီမီ မျိုးစုံ၊ ငါးဟင်းမျိုးစုံ ရတယ်။ တရုတ်စာတွေလည်း ရှိပေမယ့် ဂျပန်စာကိုပဲ စားချင်စိတ်နဲ့ သွား တာမို့ တရုတ်စာတွေ ထိတောင် မထိခဲ့ဘူး။ အချိုရည်သောက်တာရော၊ tips ပေးတာအပါအ၀င် ၁၅ကျပ်လောက်တော့ ကျတယ်။ ဒါပေမယ့် ရိုးရိုး ဂျပန်ဆိုင်သွားစားမယ်ဆို မှာတာလေး တစ်မျိုးနှစ်မျိုးနဲ့တင် အဲဒီလောက်ကျမှာလေ။ ခုတော့ ပင်လယ်စာတွေမျိုးစုံ ဗိုက်ကားအောင် စားပြီး အချိုပွဲလေးတောင် ပါတာကို အဲဒီလောက်ဆိုတော့ မဆိုးဘူးလို့ပြောရမယ်။ ပေးရတဲ့ တန်ဖိုးအတွက် အစားအသောက်ကလည်း အရသာ ရှိတယ်ဆိုရင် ဒီနေ့သွားစားတာအတွက် ပေးရတာ ဒီကနှုန်းတွေနဲ့ယှဉ်ရင် သိပ်မများလှပါဘူး။ အင်း .. ဘယ်လိုပဲဖြစ်ဖြစ် အပြင်စာတွေ စားတာ လျှော့မယ်ဆိုပြီးမှာ ဆာရှီမီ ချင်ခြင်းတပ်လို့ ပိုက်ပိုက် ထွက်သွားပြန်ပါရော့လား။ တစ်ယောက်ထဲ စားရင် မတန်မှာစိုးလို့ အားလုံးကို ကျွေးနိုင်အောင် ဓါတ်ပုံရိုက်လာခဲ့တယ်။ ဂျမ်းလိုပဲ ပင်လယ်စာ တမ်းတနေတဲ့အခိုက်နဲ့ကြုံရင်တော့ ဘူဖေးမို့ အ၀သာ စားသွားပေတော့နော်။ Sunday, December 7, 2008
ဆာရှီမီ ချင်ခြင်း
မလင်းက ခုတလော သူ့ဘလော့နဲ့ အခြားဘလော့တွေက အစား အသောက်တွေ လာလာပြပြီး နှိပ်စက် လွန်းတော့ ဖတ်ရတဲ့လူက သွားရည်ခံ လေးဝတ်ပြီး ဘလော့ဖတ်ရမလို ဖြစ်နေပြီ။ ဒီတစ်ပါတ်တော့ ဟင်း က လည်း ချက်ချင်စိတ်မရှိပြန်ဘူး။ နောက်ပြီး ဘယ်လိုဖြစ်တယ်မသိ ဂျပန်စာ ဆာရှီမီကို တမ်းတမ်းတတ စားချင်နေတာနဲ့ ဒီမြို့က ဘူဖေးဆိုင်မှာ တစ်ယောက်တည်း သွားပြီး အ၀စားလာခဲ့တယ်။ အဲဒီဆိုင်ကို တူမလေး လာတုန်းကလည်း ခေါ်သွားဖူးတယ်။ ဒီတစ်ခါတော့ အ၀စားလည်း အရှက်ကွဲစရာ မရှိဘူးဆိုတော့ ပင်လယ်စာတွေချည်း စိတ်ထင်တိုင်းကို အ၀ စားပစ်လိုက်တယ်။ ဆိုင်က ဆီးဖုဒ် ဘူဖေးဆိုတော့ ပင်လယ်စာ တွေ တော်တော်တော့ စုံသား။ ဂဏန်းကြီး၊ ဂဏန်းသေး၊ ပုစွန် အမျိုးမျိုး၊ ခရုဆိုက်စုံ (oyster, mussel, clam)၊ ဆူရှီ ဆာရှီမီ မျိုးစုံ၊ ငါးဟင်းမျိုးစုံ ရတယ်။ တရုတ်စာတွေလည်း ရှိပေမယ့် ဂျပန်စာကိုပဲ စားချင်စိတ်နဲ့ သွား တာမို့ တရုတ်စာတွေ ထိတောင် မထိခဲ့ဘူး။ အချိုရည်သောက်တာရော၊ tips ပေးတာအပါအ၀င် ၁၅ကျပ်လောက်တော့ ကျတယ်။ ဒါပေမယ့် ရိုးရိုး ဂျပန်ဆိုင်သွားစားမယ်ဆို မှာတာလေး တစ်မျိုးနှစ်မျိုးနဲ့တင် အဲဒီလောက်ကျမှာလေ။ ခုတော့ ပင်လယ်စာတွေမျိုးစုံ ဗိုက်ကားအောင် စားပြီး အချိုပွဲလေးတောင် ပါတာကို အဲဒီလောက်ဆိုတော့ မဆိုးဘူးလို့ပြောရမယ်။ ပေးရတဲ့ တန်ဖိုးအတွက် အစားအသောက်ကလည်း အရသာ ရှိတယ်ဆိုရင် ဒီနေ့သွားစားတာအတွက် ပေးရတာ ဒီကနှုန်းတွေနဲ့ယှဉ်ရင် သိပ်မများလှပါဘူး။ အင်း .. ဘယ်လိုပဲဖြစ်ဖြစ် အပြင်စာတွေ စားတာ လျှော့မယ်ဆိုပြီးမှာ ဆာရှီမီ ချင်ခြင်းတပ်လို့ ပိုက်ပိုက် ထွက်သွားပြန်ပါရော့လား။ တစ်ယောက်ထဲ စားရင် မတန်မှာစိုးလို့ အားလုံးကို ကျွေးနိုင်အောင် ဓါတ်ပုံရိုက်လာခဲ့တယ်။ ဂျမ်းလိုပဲ ပင်လယ်စာ တမ်းတနေတဲ့အခိုက်နဲ့ကြုံရင်တော့ ဘူဖေးမို့ အ၀သာ စားသွားပေတော့နော်။
Posted by
ရွှေဂျမ်း
at
5:20 PM
Labels: အစားအသောက်
Subscribe to:
Post Comments (Atom)

6 comments:
သူချက်တာများလားလို့..ဟိ
ဟိ တကယ်သွားစားလာတာ သေချာတယ်နော်။ ဖလစ်ကာထဲမှာ ရှာမှာနော်။ ဟိဟိ နောက်တာ
စားချင်လိုက်တာတော်။ လက်စားချေတယ်ပေါ့ လေ
အဟီး.. သားသားတစ်ခါမှ မစားဖူးဘူး.. နည်းနည်းမြည်းကြည့်သွားတယ်ဂျို့..။
မဂျမ်းကလဲ တစ်ပုံတည်း ရိုက်လာတာကိုး။ တန်အောင် များများ ရိုက်လာရောပေါ့ ဟီး။
ဟားးး
တိုတဲမိုး ကြွားဒစ်စ် ယော
ဟိဟိ
:P
အမ.. ဘလော.မှာ ဆာရှီမီ လာစား.. ညီမလေး။
Post a Comment