ချစ်သူရှိရာ မျက်နှာမူလို့
ချူခွင့်အလာ စောင့်စားသော်လည်း
ပူလင့်ကာ မညည်းနိုင်ဘူး
ရူးတဲ့ နေကြာ။
ကျွန်မဆွဲထားတဲ့ ရေဆေး ပန်းချီလေးတစ်ခုပါ။ ကဗျာလေးကတော့ ပုံအတွက် ခပ်မြန်မြန် စပ်ထားတာလေးပါ။ ခုတလော စာလည်း ရေးချင် စိတ် သိပ်မရှိ။ အလုပ်ကလည်း များ။ စိတ်ကလည်း ရှုပ်နေမိတယ်။ ပန်းချီ ဆွဲတာ စိတ်ငြိမ်စေပေမယ့် စိတ်ရှုပ် နေရင်လည်း ဆွဲလို့မရပြန်ဘူး။ အဲဒီ စိတ်ဆိုတာကလည်း တော်တော် ခက်သား။ ကိုယ့်စိတ်ကလေးကို `မ´နေရတာနဲ့ပဲ တစ်ခါတစ်လေ မောပါတယ်။ အလုပ်ပင်ပန်းတာပဲလေဆိုပြီး တစ်ခါတစ်လေလည်း အလိုလိုက် ထားမိပြန်ရော။ အဲဒီအချိန်ဆိုရင်တော့ စားချင်တာတွေ ၀ယ်စား။ ၀ယ်ချင် တာတွေ ၀ယ်လိုဝယ်ပေါ့။ ဒါပေမယ့် ရလာတဲ့ စိတ်ကျေနပ်မှုက ပန်းချီဆွဲပြီးရတာနဲ့စာရင် တစ်ခြားစီပဲ။ ပန်းချီ တစ်ပုံဆွဲပြီးသွားရင် ရလာတဲ့ ပုံလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်ရတဲ့ အရသာက ပြောမပြတတ်ဘူး။ ကျွန်မ ပန်းချီ သိပ်ဆွဲတတ် လို့ မဟုတ်ပေမယ့် တတ်နိုင်ရင် ပန်းချီလေးတွေကိုပဲ တစိုက်မတ်မတ်ဆွဲခွင့်ရချင် ဆွဲနေချင်ပါတယ်။ ဆွဲဖြစ်တာတွေကတော့ ခဲနဲ့ ရေဆေးလောက်ပါပဲ။ တခြား ဆေးတွေနဲ့ ဆွဲချင်လို့ ဆွဲမလို့ ကြိုးစားနေပါတယ်။၂၀၀၉ခုနှစ်ထဲမှာ ပန်းချီတွေ ပိုဆွဲနိုင်အောင် ကြိုးစားမယ်လို့ စိတ်ကူးထားတယ်။ စိတ်ကူး တဲ့အတိုင်း ဆွဲနိုင်ပါစေလို့ ဆုတောင်းရတာပဲ။ နောက်ကို ဆွဲဖြစ်တဲ့ ပန်းချီလေးတွေကိုလည်း ဘလော့မှာ တင်ပါဦးမယ်။
ဒီပုံလေးတွေက အပေါ်ကပုံဖြစ်လာဖို့ အဆင့်ဆင့်ပါ။ ဘာရယ်မဟုတ် မှတ်တမ်းတင်ထားတဲ့ သဘောပေါ့။


10 comments:
အတော်ဆွဲတတ်တာပဲ... တော်ပါလေ့ တော်ပါလေ့
ပန်းချီမဆွဲတတ်ဖူး..
ရွှေဂျမ်းဆွဲထားတာ..အသက်ဝင်တယ်
(ကျနော့်အမြင်မှာ..)
ပန်းတွေအများကြီးကမှ နေကြာလေးကို ဘာလို့ ရွေးဆွဲပါလိမ့် ဂျမ်းရေ.. :)
ပန်းချီလဲ ဆွဲတတ်တာပဲနော်။ ရေဆေးက အတော်ခက်တာပါ။ နောက်ပုံတွေလဲ တင်ပါအုံးနော်။
တော်လိုက်တာ၊ အနုပညာ ပါရမီ ကောင်းလိုက်တာ။ ပန်းချီဆွဲတဲ့လူတော့ မသိဘူး၊ ပန်းချီကို မြင်ရတဲ့သူတွေတောင် ကျေနပ်မှု အေးချမ်းမှု ကြည်နူးမှုတွေ ခံစားရတာ ကဗျာလေးက လည်း မြန်မြန်စပ်လိုက်တာတဲ့။ အားလုံး အစပ်အဟပ်တည့်ပြီး အရမ်းအားကျသွားသည်။
မဂျမ်းက ပန်းချီလေးတွေလည်း ဖြစ်တာပဲ။ နောက်လည်း တင်ပါဦး။
လက်စွမ်းတွေ ထက်သထက်ထက်နေပါလား ။
ချစ်သူရှိရာမျက်နှာမူလို့ 
ချူခွင့်အလာစောင့်စားသော်လည်း
ပူလင့်ကာ မညည်းနိုင်ဘူး
ရူးတဲ့နေကြာ . . .
ဒီမတော့ မျှော်သာမျှော် ပေါ်မလာလို့  နေကြာပန်း ပန်ပြီ လည်ပင်းမှာ နို့ ဆီခွက် ဆွဲတဲ့ အရူးမဖြစ်နေပြီ
နေကြာရူးက နေ့ချင်းပြီးကိုပွင့်တာပါကလား အမရဲ့
ကျန်းမာပါစေ ပန်းချီဆရာဂျမ်း
အသက်သိပ်ဝင်တာပဲ ဂျမ်းရေ..
ပန်းချီဆွဲတတ်ချင်လိုက်တာ... ဂျမ်းဆွဲတဲ့ ခဲခြစ်ကလေးတွေလဲ ကောင်းတာပဲနော်..
ပန်းချီဆရာမပဲ လုပ်ပါတော့ဟာ...
လှလှ...မိုက်မိုက်...ခိုက်ခိုက်
စာရေးလည်းကောင်း ပန်းချီလည်းတော်... ပုံတူဆွဲတာ ပိုတော်တယ်ထင်တယ်။ အဟဲ..
ကျွန်တော်က ပန်းချီ လုံးဝမဆွဲတတ်တော့ ဆွဲတတ်တဲ့လူဆို အထင်ကြီးတယ်.. :)
Post a Comment