Sunday, February 8, 2009

ခရမ်းချဉ်သီးကြော်

ဟိုတလောက မခင်ဦးမေ နဲ့ စီပုံးမှာ စကားပြောရင်း ချက်မယ့် ဟင်းတွေ အကြောင်း ပြောမိကြတယ်။ ခရမ်းချဉ်သီးကြော် ချက်မလို့ အမလို့ဆိုတော့ ဟဲ့ ရန်ကုန်ကလူတွေ ဒါမျိုး မချက်ပါဘူး။ ဘယ်နယ်ကလဲ လို့ မခင်ဦးမေ ကမေးပါတယ်။ ကျွန်မကတော့ ရန်ကုန်ကပါ။ ဒါပေမယ့် မိဘဆွေမျိုး လူကြီးတွေက အညာဘက်မှာ မွေးဖွားကြီးပြင်းခဲ့သူတွေမို့ အိမ်မှာ ချက်တဲ့ ဟင်းတွေက အညာဆန်ဆန်တွေ ပါတတ်ပါတယ်။ ဒီနေ့တော့ အညာချက်လေး ချက်ကြစမ်းပါအေလို့ ပြောတတ်တဲ့ အဘွားရဲ့ စီမံမှုအောက်က ဟင်းတွေနဲ့ ကျွန်မတို့ ကြီးပြင်းလာခဲ့ကြရတာပါ။ အဘွားစီမံတဲ့ တစ်ချို့ဟင်းတွေက ဘာနဲ့မှ မလဲနိုင်အောင် ကြိုက်သလို တစ်ချို့ဟင်း တွေကိုတော့ မုန်းလောက်အောင် ငြီးငွေ့ခဲ့ရပါတယ်။ အခုလို အိမ်နဲ့ အဝေးမှာ ရောက်နေတဲ့ အချိန်တွေကျတော့ အိမ်က ဟင်းအရသာလေးတွေကို လွမ်းနေရင် ဘယ်မှာမှ ၀ယ်မရ ရှာရပါဘူး။ တစ်အိမ်နဲ့ တစ်အိမ် လက်ရာတွေကလည်း ကွာကြတာဆိုတော့ ဟင်းနာမည်တူတောင် လက်ရာက ကွဲနေကြပြန်ပါတယ်။ အဲဒါကြောင့် ကျွန်မ ဒီကို ထွက်လာတော့ ကျွန်မ ချစ်တဲ့ အဒေါ်က ကျွန်မကြိုက်တဲ့ ဟင်းလေးတွေကို ဗလာစာအုပ်လေးထဲမှာ ကိုယ်တိုင် ရေးပေးလိုက်ပါတယ်။ အဲဒီဟင်းတွေထဲမှာ မကြာခဏ ချက်ဖြစ်တဲ့ ဟင်းတစ်မျိုးကတော့ စောစောက ပြောခဲ့တဲ့ ခရမ်းချဉ်သီးကြော်ဆိုတာပါပဲ။ အညာဟင်းလား ဘာလားတော့ သေချာ မသိပေမယ့် အိမ်မှာချက်တိုင်း မက်မက်မောမော စားနေကျ ဟင်းလေးတစ်ခွက်ပါ။ အသားငါးတွေ အထူးတလည် မပါရင် နေပါစေ အရသာရှိတဲ့ ဒီလိုဟင်းလေးနဲ့ဆို ထမင်း အင်မတန် မြိန်ပါတယ်။ ဒါ့ကြောင့် မချက်ဖူးသေးတဲ့ သူတွေရှိရင်လည်း ချက်စားကြည့်ရအောင် ချက်နည်းလေးနဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်နော်။

ခရမ်းချဉ်သီးကြော်

- ခရမ်းချဉ်သီး တစ်ပေါင် ခန့် ကို သေးသေးစိပ်ပါ။
- ကြက်သွန်နီ ၂ ဥ ခန့် ကြက်သွန်ဖြူ ၁ဥ ခန့်ကို ထောင်းပြီး ဆီ ထမင်းစားဇွန်း ၁၀ဇွန်းခန့်ဖြင့် ဆီသတ်ပါ။ ( စပ်တဲ့ အနံ့ မွှေးချင်လို့ ကျွန်မကတော့ ဒီမှာဝယ်လို့ရတဲ့ ငရုတ်သီးစိမ်းတောင့်ကြီးတွေကို ထည့် ဆီသတ် လိုက်ပါတယ်။ )
- မွှေးပြီး ကြက်သွန်များ နွမ်းလာလျှင် စိပ်ထားသော ခရမ်းချဉ်သီးများကို ထည့်ပါ။
- ဆားနည်းနည်း၊ ဆနွမ်းနည်းနည်း၊ ပုစွန်ခြောက်မှုန့် ဇွန်းကြီး ၂ဇွန်းခန့်ထည့်မွှေပါ။
- ခရမ်းချဉ်သီးများလိပ်လာလျှင် ငါးပိနု ဆီးဖြူသီးခန့်ထည့်ပါ။ (ငန်တာ ကြောက်မကြောက် အပေါ်မူတည်ပြီး လိုတိုး ပိုလျှော့လုပ်လို့ရပါတယ်။ ငါးပိမရှိရင် ငံပြာရည် နည်းနည်းထည့်လို့ရတယ်လို့ အဒေါ်ကပြောပါတယ်။)
- ဆီပြန်လျှင် မီးဖိုပေါ်မှ ချလို့ရပါပြီ။
- နံနံပင်လေး အပေါ်က အုပ်ပြီး စားချင့်စဖွယ် ပြင်ဆင်နိုင်ပါတယ်။

ကဲ.. ချက်ရတာ လွယ်ကူပြီး စားလို့ အင်မတန်ကောင်းတဲ့ ခရမ်းချဉ်သီးကြော်လေး ရပါပြီ။ ချက်စားကြည့်ဖြစ်တဲ့ သူတွေလည်း လာပြန်ကျွေးဖို့ မမေ့ကြနဲ့နော်။း)
မကေရဲ့ ကွန်မင့်ဖတ်ပြီးမှ ရေးဖို့ ကျန်ခဲ့တာ သတိရတယ်။ မကေပြောသလိုပဲ လိပ်ပြီး ခြောက်ခြောက်လေး ကြော်ရင် ပိုတောင် စားကောင်း ပါတယ်။ မိတ္တီလာဘက်က အမျိုးတွေလာလည်လို့ အဲလို သေသေချာချာလေး ကြော်ပေးရင်များ စားလို့အင်မတန် ကောင်းတာကို မှတ်မိနေတယ်။

14 comments:

P.Ti said...

း) စားချင်စရာလေးနော်..

ကျွန်တော်ကတော့ အညာသားမို့လို့လားမသိဘူး အညာဟင်းတွေပဲ စားဖို့ အာသီသရှိတယ်...
ခရမ်းချဉ်သီးကြော်ကို ပဲဟင်းဆီပြန်လေးနဲ့ တွဲစားလည်းစားလို့ကောင်းတယ်.. ငါးခြောက်ဖုတ်ကလေးပါရင်တော့လား... ထမင်း သုံးပန်းကန်လောက် စားလိုက်မယ်... :)

ThuHninSee said...

ခရမ်းချဉ်သီး ငပိချက်မဟုတ်ဘူးလားဟင်။
ချက်ထားတာ တပျော်ကြီးပဲ။
တစ်ပတ်လောက်တော့ ဟင်းထပ်ချက်ဖို့မလိုလောက်ဘူး။

May Moe said...

ကြက်သားကြော်လေးနဲ့ဆိုရှယ်ပဲ ဂလု :)

khin oo may said...

9 Feb 09, 12:16 PM
gyan: ဒီဟင်းက ချက်ရင် လွယ်လွယ်လေး အမရေ။ အဲဒါကြောင့် ဂျမ်းချက်နိုင်တာ။ ဟီး
9 Feb 09, 12:13 PM

kom: ကျေးဇူးပါ မွန်.တကယ်. ဆရာမကြီး
9 Feb 09, 12:13 PM

kom: စားချင်သလိုလိုဖြစ်လာပြီ. တကယ်သွားချက်မယ်ကွာ. ပြီးရင် ရွေဂျမ်း အညါါန်းကို ရှေ့ချပြိး
9 Feb 09, 12:13 PM

mm: ခနတာ့တာ
9 Feb 09, 12:13 PM

mm: CSIလိုက်အုံးမယ်
9 Feb 09, 12:13 PM

9 Feb 09, 12:13 PM
mm: ၀င်းဒီုးနှစ်ခုဖွင့်ပေါ့ မမရဲ့...
9 Feb 09, 12:12 PM

kom: အစ် မက မေမိုးဆီ ရောက်သွားလို့ပါ . သူတို့က အခွေ ပြိုင်ထုတ်ကြတာကိုး.
9 Feb 09, 12:12 PM

mm: ဟော..ပန်ထွေဖျော်ပါ တိုးလာပြီ
9 Feb 09, 12:12 PM

MayMoe: ကောင်းပါတယ် အမ ငပိချက် သွားငေးနေတာ
9 Feb 09, 12:11 PM

kom: တို့ရန်ကုန်ကတော့ အဲဒါမျိုး ခရမ်းချဉ်သီးပန်ထွေ ဖျော်လို့ ခေါ်တယ် ထင်တာဘဲ။
9 Feb 09, 12:11 PM

mm: ဟုတ်မယ်.. သူချက်ပြတဲ့ ငန်ပြာရည်ချက်ဆိုတာ ကိုယ့်အိမ်က ခရမ်းချဉ်သီးငပိချက်.. ဂျမ်းအိမ်ကခရမ်းချဉ်သီးကြေ
9 Feb 09, 12:10 PM

gyan: နေကောင်းလား မေမိုးရေ။
9 Feb 09, 12:09 PM

gyan: ပြောရင်း စားချင်လာပီး(
9 Feb 09, 12:09 PM

gyan: အိမ်မှာ ချက်တာ ငံပြာရည်ချက်က တစ်မျိုးသပ်သပ်ထင်တာပဲ
9 Feb 09, 12:09 PM

mm: မမွန်ယောက်ကျားခေါ်တာက ငန်ပြာရည်ချက်တဲ့
9 Feb 09, 12:08 PM

kom: လိပ်စာလည်းမပေးဘဲနဲ http://www.shwegyan.com/
9 Feb 09, 12:08 PM

mm: သခွားသီးလေးစိပ်..တို့လိုက်ရ..
9 Feb 09, 12:08 PM

gyan: ငါးပိက နည်းနည်းလေးရယ်မို့ ငါးပိချက်လို့ မခေါ်တာထင်တာပဲ

9 Feb 09, 12:08 PM
mm: ဟုတ်လား..ဘာခေါ်ခေါ်..စားကောင်းပါတယ်

9 Feb 09, 12:07 PM
mm: မမတစ်ယောက် နောက်ကျသွားပြီ အပြေးသွားတာတောင်ပီတိဦးသွားတယ်

9 Feb 09, 12:07 PM
gyan: အိမ်မှာတော့ ခရမ်းချဉ်သီးကြော်လို့ခေါ်တာပဲ မမွန်ရေ

လင်း said...

ငပိနုဆိုတာဘာတုန်းး)။ နည်းနည်းမြည်းသွားတယ် ။ အိမ်မှာလဲ ခရမ်းချဉ်သီးကြော်က စားရလွန်းလို့  ကြည့်တောင်မကြည့်ချင်ဘူး။
အိမ်မှာစားရတဲ့ ခရမ်းချဉ်သီးကြော်ကတော့ နည်းနည်းအရောင်ရင့်တယ်တော့ ဘာကွာလို့ လဲမသိ။ အရောင်တင်မှုန့် များလို့ လားတော့မသိ။

ပီတိပြောတဲ့ ဟင်းစပ်ကတော့ အညာဟင်းစပ် စစ်စစ်ပဲ။ အိမ်မှာ ခရမ်းချဉ်သီးကြော်တိုင်း အဲဒိဟင်းစပ်

Kay said...

ဂျမ်းရေ- အဲဒါ အမတို့လဲ စားတယ်..ခ၇မ်းချဉ်သီး ချက်ပေါ့.. လိပ်ပြီး ခြောက်နေအောင်ကြော်ရင် ပိုစားကောင်းတယ်။ ဟုတ်တယ်..တနယ်နဲ့တနယ် စားတာ မတူသလို.. တအိမ်နဲ့တအိမ်လည်း ချက်ပုံ ချင်းကွာကြတယ်။
ဥပမာ..၀ ဥကို တောင်ငူဖက်က..သုပ်စားတယ်တဲ့
အမတို့ဖက်ကျ..၀ဥ ရဲ့ အရွက်နုတွေကို မိုးဦးကျ ထွက်လာရင်..ဖျံလို့ခေါ်ပီး ဟင်းချို ချက်စားတာ..၀ဥ ဆိုတာ..သိတောင်မသိဘူး။

sin dan lar said...

ခရမ်းချဉ်သီးကြော်လေ....
အညာတင်မက မြေလတ်မှာပါ စားတယ်ဂျ...။
အိမ်မှာဆို ဒီကလို အခွံထူ ခရမ်းချဉ်သီးမဟုတ်ပဲ
ဧရာဝတီမြစ်နားကဈေးသည်တွေလာရောင်းတဲ့
ကိုင်းခရမ်းချဉ်ကို ကြော်စားတာ....။
**လင်း.. ငပိနုဆိုတာ ပုဇွန်ငပိ=စိမ်းစားငပိကို ပြောတာဖြစ်မယ်..။
မကေပြောတဲ့ ဖျံလေ.. ဝဥကလာတဲ့ အရွက် မှန်းတောင်မသိဘူး၊ ဒါပေမယ့် ချက်စားတာ တအားကြိုက်၊ မကေလည်းမြေလတ်ကလားဟင်..။
ကိုပီတိပြောတာတွေရော အားလုံးစားချင်သွားပြီ။

ခင်မင်းဇော် said...

မြစ်ဝကျွန်းပေါ်မှာလဲ ချက်တာပါပဲ။
ခရမ်းချဉ်သီးချက်လို့ခေါ်တယ်။ စားလို့သိပ်ကောင်းတယ်နော်။ တခါတလေ ငရုတ်သီးစိမ်းတောင့်လေးတွေ ထည့်ချက်တယ်။

Craton said...

ခရမ်းချဉ်သီးကြော်တဲ့ မစားဖူးဘူး.. သားလည်း ရန်ကုန်သားစစ်စစ်။း)
ဒါမယ့် ခရမ်းချဉ်သီးဟင်းပဲမို့ စားလို့သိပ်ကောင်းမှာ.. ရှလွတ်..း(

PAUK said...

ခရမ်းချဉ်သီးငပိချက် ထင်တယ်..
ကြိုက်တယ်..

မီယာ said...

ဆီအိနေအောင် ချက်ပြီး ငရုတ်သီးစိမ်းလေးနဲ့ စားရတာ အရမ်းကောင်း... မစားတာတောင်ကြာပြီ။ မြေပဲထောင်းထည့်ရင် ဆိမ့်သေးတယ်။

Moe Cho Thinn said...

အမလဲ အဲဒီလိုမျိုး ချက်ဖူးပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကြော်လို့ မသိခဲ့ဘူး။ ခရမ်းချဉ်သီး ငပိချက် လို့ ထင်ထားတာ။ ခုမှ ခရမ်းချဉ်သီးကြော်လို့ ခေါ်မှန်း သိတယ်။ (ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိ ဆိုတာ ငါပါလား - သံဝေဂရသွားပြီ)
ကြော်ကြော်ချက်ချက်ကွာ..အကုန်ကြိုက်တယ် အေးရော မဟုတ်လား။ :D

အောင်သာငယ် said...

ဘလော်ဂါ မမတွေ အကုန်လုံး ဘလော့မရေးတော့ပဲ ဟင်းတွေချည်း လှိမ့်ချက်နေကြပုံရတယ်...
ဘယ်သွားသွား ဟင်းတွေနဲ့ချည်း တိုးနေတာပဲ...
မစားရ အညှော်ခံ ဆိုတာလို ဖြစ်နေပြီ...း(

ပုံရိပ် / Pon Yate said...

မဂျမ်းရေ တိုက်တိုက်ဆိုင်ဆိုင် ပုံရိပ်လည်း အဲသလို ဆန်ဆန် ဟင်းချက်စားဖြစ်တယ်။