ဝက်သားဟင်းကို သိပ်ခဏခဏ မချက်ဖြစ်ပေမယ့် ချက်ရင် ၀က်သား ပုန်းရည်ကြီးဟင်း က ခေါင်းထဲကို ဦးဆုံး ရောက်ရောက်လာတတ်ပါတယ်။ ပုန်းရည်ကြီးဆို ရန်ကုန်မှာတုန်းကတော့ သုပ်စား၊ ဟင်းချက်စားတဲ့ အပြင် ကျောင်းဟင်းလို့ ခေါ်တဲ့ အသားဟင်းတစ်မျိုးကို ပုန်းရည်ကြီးနဲ့ရော ကန်စွန်းရွက်တွေ ဘာတွေ ထည့်ပြီး အရည်ဆမ်းစားလို့ရတဲ့ ဟင်းလည်း စားခဲ့ဖူးတာတွေ သတိရမိတယ်။ ကျောင်းဟင်းဆိုတာ တကယ်တော့ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းဟင်းကျန်တာတွေ မလေလွင့်ရအောင် ဖန်တီးထားတဲ့ ဟင်းတစ်ခွက်ထင်ပါတယ်။ ရန်ကုန်မှာတုန်းက သိပ်မမက်မောရင် နေပေမယ့် ခုလို အဝေးရောက်နေချိန်ကျ အဲလိုဟင်းမျိုးလေးတွေကို ကြံကြံဖန်ဖန် တောင့်တနေမိပြန်တယ်။ ချက်ထားတဲ့ ညစာကို တစ်ယောက်ထဲ စားရပြန်တော့ ပုန်းရည်ကြီးကြိုက်တဲ့ မိတ်ဆွေများကို သတိရလို့ ပို့စ်လေး အမြန်တင်လိုက်ပါတယ်နော်။ ၀က်သားမစားတဲ့လူတွေ အတွက်ကတော့ ဟိုတစ်ခေါက်ချက်တဲ့ ကြက်သားဟင်းလေး ပြပါမယ်။ Enjoy! =)

Monday, February 23, 2009
ဝက်ပုန်း
Posted by
ရွှေဂျမ်း
at
7:14 PM
Labels: အစားအသောက်
Subscribe to:
Post Comments (Atom)

7 comments:
လိမ်မာတယ်။ ကြက်သားဟင်းလေးပါ ပြတယ်။ ကြက်ပုန်း ချက်လို့ရမလား။ အဲ..အဲလိုသာခေါ်မယ်ဆို နာမည်ကြီးက ဆိုးတယ်နော်။
စားချင်တယ်။
ရက်စက်ပါ့ ကြီးဒေါ်ဂျမ်းရယ်။
စားချင်လိုက်တာ ။ ၀က်ပုန်းလေးကို ငရုတ်သီးကြော် လေးနဲ့ နယ် ပြီးတော့ ဘူးသီးဟင်းခါးလေးနဲ့  အိုး ကောင်းမှကောင်း
ဝက်ပုန်းလေး ကိုဇနိအတွက် ယူသွားချင်လိုက်တာ။ ပေးမလား ဟင်။ သူစားချင်နေရှာမှာ။
မဇနိ
အင်း၊ဒီအတိုင်းဆိုယင်တော့၊ဆိုင်တော့ပိတ်ရတော့မယ်နဲ့တူတယ်။
ဝက်ပုန်းကို ပက်ပုန်းထင်လို့လိုက်လာတာ။ အဲဒါ ဘာဟင်းလဲ။
ရွှေဂျမ်းလုပ်တာ အမေ့ဟင်းတွေသတိရသွားပြီ.. စားချင်လိုက်တာ...
မလင်းပြောတဲ့ ဟင်းစပ်နဲ့ဆို... မြိန်လိုက်မယ် ထမင်း..
မခင်ဦးမေကတော့ လုပ်ပြီ... ၀က်သား ပုန်ရည်ကြီး ချက်လေ... :D
Post a Comment