Thursday, February 26, 2009

ဟောဒီက

ပဲပြုတ်... လို့ အော်ရအောင် ပဲပြုတ်သည်တော့ မဟုတ်ပါ။ ဒါပေမယ့် ပဲပြုတ်စားချင်လို့ ပဲကို ကုလားဆိုင်ကနေ သူများကိုဝယ်လာခိုင်း၊ ပဲကို ရေစိမ်၊ အပင်ဖောက်၊ ခုလို အိုးကြီးနဲ့ပြုတ် (တကယ်ကတော့ ပေါင်းတာပါ)၊ ခုလို တစ်အိုးကြီး ရပြီဆိုတော့ သူငယ်ချင်းတွေကိုလည်း ကျွေးလို့ရပြီပေါ့။ ထမင်းဖြူ ပူပူနွေးနွေးနဲ့စားမလား၊ နံပြားနဲ့စားမလား၊ ပေါင်မုန့်နဲ့ စား မလား၊ ကြက်သွန်နီလေးနဲ့ သုပ်ပြီး စားမလား၊ ပဲအီကြာဆိုတာမျိုး အီကြာကွေးနဲ့စားမလား .. ထမင်းကို ပဲပြုတ်လေးနဲ့ ကြော်တာဆိုလည်း ကောင်း.. ဘယ်လိုစားစား စားကောင်းတဲ့ ပဲပြုတ်ကို လွမ်းနေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။

10 comments:

myatnoe said...

စားချင်တယ်

weik.zar said...

အဲဒီပြုတ်ထားတဲ့ပဲကို ဆီ၊ဆား၊ကြက်သွန်ပါးပါးနဲ့ရော။အဲဒီအရောကို toast လုပ်ထားတဲ့ bun ကြားမှာညှပ်လိုက်ယင်၊ပဲပြုတ် Burger ဖြစ်သွားတာပေါ့။Veggie Burger ဆိုကြပါစို့။ဟဲဟဲ၊ဘိုလည်းဆန်တယ်။ It is also good for the people who want to be slim.

P.Ti said...

မနက်မှာ ပဲပြုတ်ကိုထမင်းပူပူနဲ့ ဆီးလေးဆမ်းဆားလေးဖြူး ငပိကြော်နဲ့စားချင်ပါသည်။ ပဲပြုတ်ကိုတော့ ပေါင်မုန့်နဲ့စားဖူးဘူးဗျ... ရွှေဂျမ်းကတော့ ကြံကြံဖန်ဖန် စားတတ်တယ်

JulyDream said...

နတ်တင်ထားတဲ့ ပဲပြုတ်ကြီး။ အငွေ့ပဲ ရှုခိုင်းထားတာ။ တကယ်လည်း စားရတာ မဟုတ်။

ပုံရိပ် / Pon Yate said...

ကြံကြံဖန်ဖန် မဂျမ်းက ပဲပြုတ်ကို ပေါင်မုန့်နဲ့စားတယ်လား။ ဟိုတခါက စပယ်ဂတ်တီကို ဒေါ်ထွေး ငရုတ်သီးမှုန့်နဲ့ နယ်စား သလို ထင်တယ်...ဟီး။

ThuHninSee said...

ဘယ်လိုမေးဝယ်ရလဲဟင် ပဲနာမည်လေး..တစ်ဆိတ်လောက်
မခေါ်တတ်တောင် ဆိုင်သွားတဲ့နေ့ကျ ကုလားကို စာရွက်လေးမှာရေးပြီး
ပေးရမယ်။ ကုလားက သူ့ကိုစာပေးတယ်ထင်သွားမှ ဒုက်ခ။

လင်း said...

ပဲပြုတ်ပြုတ်နည်းလေးတော့မသင်ပေးဘူး။ ပုံကြီးပြပြီး နှိပ်စက်နေ မုန်းတယ်

လင်း said...

ပဲပြုတ်ပြုတ်နည်းလေးတော့မသင်ပေးဘူး။ ပုံကြီးပြပြီး နှိပ်စက်နေ မုန်းတယ်

Moe Cho Thinn said...

ပဲပြုတ်ကို ဘယ်လိုစားမလဲ မေးတော့ ထမင်းဖြူ ပူပူနွေးနွေးမှာ ဆီနဲ့ဆားလေးနဲ့ နယ်ပြီး ငါးရံ့ခြောက်ဖုတ်လေးနဲ့ စားပစ်မယ်။ ရေနွေးကြမ်းကိုလဲ ဘေးမှာချပြီး သောက်မယ်။

ပဲပြုတ်ဖောက်နည်းလဲ သင်ပေးလေ ဂျမ်းရဲ့။ (အင်း..သင်ပေးရင်ပဲ တတ်တော့မဲ့အတိုင်း ပြောသွားတယ်)

T T Sweet said...

ပဲပြုတ်နဲ့ နံပြားစားချင်ပါတယ်။ ပဲပြုတ်ကို ဆီရွှဲရွှဲ ဆမ်း ဆားလေးဖြူး နဲနဲချေ၊ နံပြားလေးနဲ့ လိတ်ပြီး စားရရင်တော့ ... ဘေးကလူကြီးကိုမေ့မယ်။ ဟာ ဟာ့။