ငါးပိရည်နဲ့ တို့စရာပါ။ ခုတလော မြန်မာ ထမင်းဟင်းကို အရမ်းလွမ်းနေပါတယ်။ ချက်လည်း မချက်ဖြစ်။ ၀ယ် စားဖို့ရာကလည်း ဆိုင်မရှိ။ အသိမိတ်ဆွေ မြန်မာမိသားစုတွေက မြန်မာထမင်းဟင်းတွေ ချက်စားတတ်ကြတာမို့ ကုန်ကြမ်းပေး ကုန်ချောယူစနစ်နဲ့ ချက်ပေးခိုင်းရရင် ကောင်းမလားတောင် စဉ်းစားမိသေးတယ်။ ခု သင်္ကြန်နားနီးလာတော့ ပိုတောင် ဆိုးသေး။ သူများတွေလို ရန်ကုန်ပြန်ပြီးလည်း (အစားအသောက် စာရင်း အရှည်ကြီးနဲ့ ပြန်သွားတဲ့ မလင်းလို) မစားသောက် မပျော်ပါးနိုင် လေတော့ ချက်ဖြစ်ခဲ့တာလေးတွေကို မှတ်တမ်းတင်ထားတာလေးတွေပဲ ထုတ်ကြည့်ရင်း ပြန်သွားရည်ကျနေမိတယ်။ ခု တင်ထားတဲ့ပုံလေးက ဟိုတလောက ငါးပိရည် အသင့်ဖျော် အထုပ်ကလေး လက်ဆောင်ရတုန်းက လုပ်စားဖြစ်တဲ့ ငါးပိရည်နဲ့ တို့စရာတွေပါ။ ငါးပိရည်ကျိုတုန်းက မွှေးလွန်းလှတာမို့ ဘယ်အချိန် အိမ်ပေါ်က နှင်ချခံရမလဲတောင် အောက်မေ့မိတယ်။ ဒါပေမယ့် စားလို့ကတော့ ကောင်းသလေ။ အ၀ကြည့်ပြီး သွားရည်ကျသွားနိုင်ကြပါတယ်။ သင်္ကြန်အလှူပေါ့နော် :P ...
Saturday, April 11, 2009
Subscribe to:
Post Comments (Atom)


11 comments:
ဦးဦးဖျားဖျားလာစားသွားတယ်..
ကျနော်လည်း ငပိရည် မချက်တတ်ဘူး..
အဖြစ်ကဆိုးတယ်။ အခုများစားနေတာလားလို့ ဟိုတုံ့းကပုံထုတ်ကြည့်ပြီးမျက်ရည်ကျနေတာကိုး။။
တနားဒယ်။
နောက်တခါလာရင်တော့ ငပိရည်ဗူး ၀ယ်ပေးလိုက်မှ ထင်တယ်။ :)
လင်းကို တိုရှည် ဖြစ်နေတယ်ပေါ့လေ..
http://myaywetwai.blogspot.com/2009/02/blog-post_27.html
သွားကြည့်လိုက်ပါဦး ဘဝတူကလေး။ ဟိဟိ
ငပိရည်ပို့စ်ကို ဖတ်တာ.. ဘန်နာကို သွားသဘောကျတယ်။ ဘန်နာလေးလှတယ်..မမွန်တို့ဆီ မပွင့်သေးဘူးညီမ။ အပင်မှာ ဖူးနေတုန်းပဲရှိသေးတယ်။ ဓါတ်ပုံရိုက်ဖို့စောင့်နေတာ။ ဒီမှာ အဖြူရောင်ပိုများတယ်။ ပန်းရောင်နည်းတယ်သိလား။
နှစ်သစ်မှာ ပျော်ရွင်ပါစေ။
ပျော်ရွှင်ပါစေ ဂျမ်းရေ.. ငါးပိက ယိုးဒယားဆိုင်တွေမှာရော မရတတ်ဘူးလား သူတို့လဲ ရောင်းတယ် မဟုတ်လား။
ဓါတ်ပုံဟောင်းလေးကြည့်လွမ်းတာ သနားလိုက်တာဟယ်။
အမှန်က မရွှေဂျမ်းကမှ ချက်ကြီးအစစ်ပါ :P
ဖတ်ရတဲ့လူကတော့
ငါးပိရည်ဘယ်နေမှန်းမသိ သွေးတိုးနဲ့တည့်ပါမလားနော်
;-)
နှစ်သစ်မှာ ငါးပိရည်စားချင်ပါတယ်။ မစားရတာကြာနေပြီ။ စင်ကာပူမှာနေရတာ တခုကောင်းတာကတော့ စားချင်ရင် အလွယ်တကူဝယ်လို့ရတာပါပဲ။ ညနေကျမှ ပင်နီစူလာ သွားပြီး ၀ယ်လိုက်ဦးမယ်... စားဦးမလား အဟဲ
ဟိုးတစ်နေ့မှ..commentတွှေ့လို့... ဟုတ်တယ်..၈မိုင်နားကပါ..ညီမပါ။
Post a Comment