Sunday, November 29, 2009

Self Portrait

ကင်းဗတ်စ်တစ်ချပ်
နောက်ခံအရောင်တွေ နုလှပေမယ့်
စုတ်ချက်တွေက ကြမ်းတလှည့် နုတလှည့်
ဆေးရောင်တွေက တောက်တလှည့် ဖျော့တလှည့်
အလင်းတွေက မှောင်တလှည့် လင်းတလှည့်
ပန်းချီဆရာ့လက် သွက်တလှည့် နှေးတလှည့်
ဆန်းကြယ်တဲ့ ပန်းချီကား
ဘာဆေးနဲ့များ ဆွဲပါသလဲတဲ့
စိတ်ရောင်စုံကို မျက်ရည်နဲ့ဖျော်
ကံစုတ်တံစေရာရေးလို့
ဆွဲသူကိုယ်တိုင် ဘယ်တော့ ပြီးမယ် မသိတယ်
လွမ်းသူ့ ပန်းချီပဲ။

ရွှေဂျမ်း
၁၁.၂၉.၂၀၀၉

4 comments:

P.Ti said...

ဟုတ်ပါ့.. ဘယ်တော့မှ ပြီးမယ့် ပန်းချီးလဲ ဘယ်သူမှ မသိပါဘူး...

ဒီအရေးအသားကို နှစ်သက်မိပါတယ်။
"စိတ်ရောင်စုံကို မျက်ရည်နဲ့ဖျော်
ကံစုတ်တံစေရာရေးလို့"

ရွှေဂျမ်းရေ အရင်လို စာတွေပြန်ရေးစေချင်ပါတယ်။

ThuHninSee said...

:)
တစ်စုံတစ်ယောက်ရဲ့ တစ်စုံတစ်ခုသောနေ့မှာ ပျော်ရွင်ဖွင် တစ်စုံတစ်ခုဖြစ်ပါစေ။

Moe Cho Thinn said...

မျက်ရည်နဲ့ ဆွဲတဲ့ ပန်းချီကား တဲ့။ လှလိုက်တဲ့ အတွေးပဲ။

ရှေ့ကရေးသွားတဲ့ မွန်.. ပျော်ရွှင်ဖွယ် လုပ်ပါအေ။

လင်း said...

လှပတဲ့ ပန်းချီကားလေးတချပ်ကို မျက်ရည် ဆေးစက်တွေ မပါဘဲ အဆုံးသတ်အောင် ဆွဲနိုင်ပါစေလို့  ဆုတောင်းပေးတယ်နော်ဂျမ်း။ အိမ်မက်ထဲက ပန်းချီကားလေး အပြီးသတ်မဲ့နေ့  အဲဒီနေ့  ( ဟီးဟီး 2012 မတိုင်ခင်ပြည့်ပါစေ) အကောင်းပြောနေရာက စိတ်ကဖောက်လာတယ်လို့ တော့ မထင်ပါနဲ့ 