skip to main |
skip to sidebar
တနေ့က တင်တဲ့ ကဗျာကလွဲရင် စာတွေလည်း မရေးဖြစ်တာ ကြာပေါ့။ အလုပ်တွေကလည်း များတုန်းပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပါတ်က Thanksgiving Week မို့ ရုံးလေးရက် ပိတ်တာရယ်၊ ဒီနှစ်ရက် နေမကောင်းတကောင်းမို့ ခွင့်ဆက်ယူတာထားတာရယ် ကြောင့် တပ်စာလေး လုပ်စားဖြစ်တယ်။ ဆောင်းအ၀င်မှာ ရာသီဥတုလေးက လည်း အေးလာလေတော့ ရန်ကုန်က မနက်တွေဆို ကောက်ညှင်းပေါင်း ၀ယ် စားလေ့ရှိတာကို သတိရရနေမိပါတယ်။ ဒါနဲ့ ၀ယ်ထားတဲ့ ကောက်ညှင်းဆန်လေးရော ပဲလေးလည်း ရှိတုန်း ငချိတ်ပေါင်းကို ပဲပြုတ်နဲ့ ငါးနှပ်ခြောက် မီးကင်ဆီဆမ်းထားတာလေးနဲ့ လုပ်စားဖြစ်ပါတယ်။ ကောက်ညှင်းဆန်ကတော့ အာရှစားသောက်စရာဆိုင်တွေမှာ Black Sweet Rice ဆိုပြီးရောင်းတဲ့ Kotashima Brand ဆန်ကို ၀ယ်ထားတာပါ။ တစ်ထုပ်ကို ၇ဒေါ်လာ နီးပါးပေးရပါတယ်။ ထမင်းအဖြူချက်သလိုပဲ ဒီကောက်ညှင်းဆန်ကို ထမင်းပေါင်းအိုးထဲထည့်ပြီး ချက်လိုက်တာပဲ။ အရင်က အဖေ့အိမ်မှာ အဲဒီတံဆိပ် ကောက်ညှင်းဆန်အထုပ်ဝယ်ထားပြီးသား ရှိသားနဲ့ ကောက်ညှင်းမှန်းမသိတာရယ် အဲဒီလောက် ချက်ရလွယ်မှန်း မသိတာရယ်ကြောင့် လုပ်မစားမိခဲ့ဘူး။ ပဲက Yellow Peas - Whole ဆိုတဲ့ အထုပ်ကလေး တွေကို ကုလားဆိုင်တွေမှာ ရတတ်ပါတယ်။ ပဲကို တစ်ည နှစ်ညလောက် ရေစိမ်၊ ပြီးတော့ ရေစစ်ထားတဲ့ ဇကာထဲမှာ paper towel လေးကို ရေဆွတ်ပြီး အုပ်ထားရင်း အညှောင့်လေးတွေ ထွက်လာအောင် လုပ်ပါတယ်။ ညီမ၀မ်းကွဲ တစ်ယောက်ကတော့ သူဆို ပဲကို ပိုနူးအောင် ဆိုဒါနဲ့ အရင် စိမ်၊ ပြီးတော့ ရေဆေးပြီးမှ ဇကာနဲ့ စစ်တယ်လို့ ပြောပါတယ်။ တကယ်ပဲ နူးတာကွာတယ်လို့တော့ ထင်တယ်။ ရန်ကုန်ကပဲလို နူးအိမနေတာတော့ အမှန်ပဲ။ အရင်တစ်ခေါက် တုန်းကတော့ ၀ါးပေါင်းအိုးမှာ ပိတ်စအဖြူတွေဘာတွေနဲ့ ပဲပြုတ်သည်အလား ပေါင်းစားဖူးပါသေးတယ်။ ခုတော့ စတီးပေါင်းအိုး ၀ယ်ထားတော့ အရင်လောက် အလုပ်ရှုပ်လည်း မခံတော့ဘဲ အိုးထဲမှာ ဒီအတိုင်းပဲ ထည့်ပေါင်းလိုက်တာပါ။ ငါးနှပ်ခြောက်မီးကင် ဆီဆမ်းထားတာလေးတွေကတော့ အိမ်က ၀ယ်ပို့ပေးထားတဲ့ Nice တံဆိပ် အထုပ်ကလေးတွေပါ။ ရန်ကုန်မှာ ရန်ကင်းက 126ဆိုင်မှာမှ ၀ယ်လို့ ရတယ် ပြောပါတယ်။ စားဖူးတဲ့အထဲမှာတော့ တော်တော်ကောင်းတဲ့ တံဆိပ်ပါ။ ကိုယ်တိုင် စားအသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူတွေကို သတိရသင့်တယ်မဟုတ်လား။ မနှုတ်ဆက်ရတာ ကြာပြီဖြစ်တဲ့ ဘလော့ပေါ်က ချစ်မိတ်ဆွေတွေကို ငချိတ်ပေါင်းလေးနဲ့ ငါးနှပ်ခြောက်မီးကင် ကြွပ်ကြွပ်ရွရွလေး အ၀ကျွေးတယ်ပဲ သဘောထားကြပေါ့နော်။
7 comments:
ငချိတ်ပေါင်း စားသွားတယ်။ ပုံရိပ်လည်း စာမရေးဖြစ်ဘူး။ အလုပ်တွေနဲ့ လည်နေလို့။
ငချိတ်ပေါင်းလာစားတယ်..ရွှေဂျမ်းရေ..
ပေါက်လဲပဲပြုပ်ကို ဆော်ဒါထည့်ပေါင်းတတ်တယ်..။။
ငချိတ်ဆန် ဈေးကြီးလိုက်တာနော်..အဲ့ဖက်မှာ။။
Yummm Yummm! Oh...my mouth water already.
ကောက်ညှင်းပေါင်းတောင် စားချင်လာပြီ... ရာသီဥတု အေးအေး လေးနဲ့ဆိုတော့ ငယ်ငယ်က ကောက်ညှင်းပေါင်းလို့ အော်တဲ့ အသည်ကြီးကို သတိရတယ်... အဲ့ဒီ အချိန်ကတည်းက ငချိပ်ဆို နဲနဲပဲ ရတယ်... အုန်းသီးခြစ် နှမ်းဖြူးပြီး စားရတာ အရမ်း ကောင်း
ငချိတ်ပေါင်းစားချင်ပါသည်။ ဒီမှာ ကောက်ညှင်းပေါင်းပဲစားရတာများတယ်.. ငချိတ်ပေါင်းမစားရတာကြာလှပြီ... စားတော်ပဲပြုတ်လေးနဲ့ စားချင်စဖွယ်
ကျေးဇူးပြုပြီး မပြုတ်ရသေးတဲ့ ပဲအစိမ်းကို ပုံတင်ပေးနိုင်မလားဟင်..
တချို့ကပြောတော့ white peasတဲ့ တချို့က green peas နဲ့လဲ ရတယ်တဲ့၊ အခု အမက yello peas ဆိုတော့လဲ ထပ်ကြိုးစားကြည့်ချင်လာပြန်တယ်..အမပြောတဲ့ yello peas whole နဲ့မှ ပဲပြုတ် မစားရသေးဘူးဆိုရင်တော့ ချို့ မှာ ပဲပြုတ်စားရဘို့ ကံကုန်သွားပြီလို့ပဲ မှတ်လိုက်တော့မယ်။ အရင်ပဲတွေ ကို စိမ်ပြီး ပြုတ်တာ ပဲပြုတ်လိုဝိုင်းဝိုင်းမဖြစ်ဘူး၊ အစိမ်းကလဲ ပဲစိမ်းသက်သက်ပြုတ်ပဲ ဖြစ်တယ်၊ အဖြူကျတော့လဲ ရေစိမ်လိုက်တော့ ရှည်ရှည်လေးတွေ ဖြစ်သွားတယ်။ သူ့အရသာနဲ့ သူတော့ စားကောင်းပါတယ်..ဒါပေမဲ့ ချိုတို့စားနေကျ ပဲပြုတ်မဖြစ်ဘူးလေ..ပဲဖြူဆို ရေမစိမ်ခင်က ၀ိုင်းနေတာပဲ ပဲပြုတ်အရွယ် မရှိတရှိဆိုတော့ သေချာပြီမှတ်တာပေါ့..ေ၇စိမ်တော့မှ ပုံစံပြောင်းသွားတာ၊ အံ့သြရော....
အိုးးး ဂျမ်းးးးးးးးးးးးးးးးးးးးးးးးး
သိသွားပြီ....း))
ငချိတ်ပေါင်း ဓါတ်ပုံမှာ ဂျမ်းကို
You really naughty လို့ ပြောခဲ့တယ်..း))
Post a Comment