ကျွန်မတို့ဆီမှာ ခရစ်စမတ်ရောက်ဖို့ နာရီပိုင်းပဲလိုပါတော့တယ်။ ဒီက လူအများစုကတော့ ခရစ်စမတ်သစ်ပင် အောက်မှာ မိသားစုနဲ့ တပျော်တပါး လက်ဆောင်တွေ ဖွင့်ကြမှာပေါ့လေ။ ကိုယ့်လိုပဲ မိသားစုနဲ့ ဝေးပြီး ခရစ်စမတ်ပွဲတော်ကို မသိမသာ ကျော်ဖြတ်ကြရတဲ့ လူတွေလည်း ရှိမှာပါ။ ခရစ်ယာန်မဟုတ်ပေမယ့် ပွဲတော်ရက် အနေနဲ့ သူသူငါငါ လက်ဆောင်တွေ အပြန်အလှန်ပေးကြတဲ့ ဒီက ဓလေ့တွေထဲမှာ ကျွန်မလည်း သူငယ်ချင်း မိတ်ဆွေတွေကို လက်ဆောင်တွေ ပေးဖြစ်ပါတယ်။ ကျေးဇူးတင် ခင်မင်ကြောင်း အမှတ်တရပေါ့လေ။ လက်ဆောင် တွေမှာ တန်ဖိုးနည်းတာ များတာထက် ပွဲတော်အနေနဲ့ စားကြသောက်ကြ ပျော်ကြတာမို့ အရက်ပုလင်း၊ ၀ိုင်ပုလင်းတွေ လက်ဆောင် ပေးကြတာ များပါတယ်။ ၀ိုင်မ သောက်တတ်တဲ့သူ တွေအတွက်ကတော့ ချောကလက်တို့ တခြား စားစရာတို့ ပါပါတယ်။ ရုံးမှာလည်း လက်ဆောင်ဖလှယ်ကြတာ ပျော်စရာ အရမ်းကောင်းပါတယ်။ အဲဒီနေ့က Absolut Vodka တစ်ပုလင်း လက်ဆောင် ရခဲ့တယ်။ အဲဒီလိုနဲ့ လက်ဆောင်ရတဲ့ ပုလင်းတွေကို ရေခဲသေတ္တာပေါ် တင်တင်ထားတာ မနည်းတော့ဘူး။ တစ်ခါတစ်လေလည်း လက်ဆောင် ပြန်ပေးတဲ့အခါပေး၊ သူငယ်ချင်းတွေနဲ့ သောက်မယ်လို့ ချန်ထားလိုထားပေါ့လေ။ တခြား လက်ဆောင်လေးတွေကတော့ ရင်ထိုးလေးတွေ၊ ချောကလက်၊ Lotion တွေ များပါတယ်။ ဒီနှစ် ကျွန်မကတော့ သူငယ်ချင်းမိန်းကလေးတွေကို Anti-bacterial Hand Lotion ပုလင်းလေးနဲ့ သိုးမွှေးခြေအိတ် ထူထူလေးတွေ ပေးလိုက်ပါတယ်။ အထက်လူကြီးတွေကို သူများတွေကတော့ ၀ိုင်ပုလင်းတွေ ဘာတွေ ပေးကြတယ်။ ကျွန်မက အဲဒီလိုပေးရင် ဖားတယ်လို့ မြင်လို့ ကိုယ့်လည်း အထင်မခံချင်တာကြောင့် မြန်မာလက်မှုပစည်းလေးတွေပဲ ပေးဖြစ်ပါတယ်။ မိတ်ဆွေတစ်ချို့ကတော့ လိုချင်တာလေးတွေကို wish list စာရင်းလုပ်ထားပြီး ကြေညာထားကြတယ်။ လိုချင်တာကိုသိတော့ ပေးခွင့်ရသူရော လက်ခံရသူပါ နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာကြတာပေါ့နော်။ဒီနှစ် ဘာလိုချင်ပါသလဲလို့ ဟန်နီက တက်ဂ်ထားပါတယ်။ သူကိုယ်တိုင်ကတော့ သတ္တိတွေ လိုချင်ပါသတဲ့။ ကျွန်မကတော့ ဒီနှစ်ထဲမှာ ကိုယ်ပိုင်အချိန်နည်းပြီး အလုပ်တွေ မတရားများလွန်းလို့ နောက်နှစ်မှာ ကိုယ်ပိုင်အချိန်လေးတွေ ပိုများများလိုချင်ပါတယ်။ ဒါမှ စိတ်ချမ်းသာမယ့် အလုပ်လေးတွေ ပိုလုပ်နိုင်မှာ မဟုတ်လား။ ဟန်နီ့လိုပဲ သတ္တိတွေလည်း လိုချင်ပါတယ်။ ကိုယ်ကျန်းမာ စိတ်ချမ်းသာရတဲ့ ၂၀၁၀ကို ကိုယ်တိုင်တင်မက မိသားစုမိတ်ဆွေ ချစ်ခင်သူတွေ အားလုံးပိုင်ဆိုင်ရစေချင်ပါတယ်။
ခရစ်စမတ်မှာ အားလုံး အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။

7 comments:
ဂျမ်းရေ ...
ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေနော် ...
အချိန်ရော သတ္တိပါ ရပါစေသတည်း
ဂျမ်းရေ...
ကိုယ်ပိုင်အချိန် လိုချင်တာချင်း တူနေတယ်...
ဆုတောင်းကြတာပေါ့နော်...
ပျော်စရာ ပိတ်ရက်များ ဖြစ်ပါစေ...
စိတ်ရောလူပါ အနားရပါစေလို့ ဆုတောင်းသွားပါတယ်...
ရွှေဂျမ်းရေ... ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ... လိုချင်နေတဲ့ ကိုယ်ပိုင် အချိန်လေးတွေနဲ့ သတ္တိတွေကို နှစ်သစ်မှာ အမြန်ဆုံးရရှိနိုင်ပါစေ။
အရက်တွေပိုနေရင် ပို့လိုက်လေ.. သောက်ပေးမယ်... ဟိ
ညီမလိုချင်တောင့်တ သမျှ ပြည့်စုံပါစေ။
်Happy New Year ပါ ဂျမ်းရေ..
Happy New Year !!!!!!!!!!!
၂၀၀၉မှာ ကိုယ်ပိုင်အချိန် ၅လလောက်ယူလိုက်တော့ ၂၀၁၀အတွက် ထပ်တောင်းရမှာ အားနာသွားပြီ :)
Happy New Year!
Post a Comment