ဟောလစ်ဆိုရင် ညအိပ်ခါနီး ဖျော်သောက်နေကျ Horlicks ကို ပြေးမြင်ကြသလား။ အဲဒီ ဟောလစ်က ဘိုးဘိုး ဘွားဘွားများကို သီတင်းကျွတ်ဆို ကန်တော့ကြတဲ့၊ လူမမာ သတင်းမေးရင် မပါမပြီးတဲ့၊ သောက်ပြီးရင်လည်း အခန့်မသင့်ရင် ချွဲထတတ်တဲ့ Malted milk drink ပါ။ ကျွန်မပြောမယ့် ဟောလစ်က အင်္ဂလိပ်စကားမှာ -holic နဲ့ ဆုံးတဲ့ စကားလုံးတွေပါ။ မိတ်ဆွေတစ်ယောက် (ဘယ်သူလဲ ကိုယ့်ကိုယ်ကို သိပါကွယ်)နဲ့ စကားပြောရင်း သူက ကျွန်မကို ယူက workaholic ၊ အိုင်က alcoholic ဆိုပြီး နောက်လိုက်တော့ ဒီပို့စ်လေး ရေးဖို့ အကြံရသွားတာပါ။ အင်္ဂလိပ် စကားလုံးတွေမှာ suffix လို့ခေါ်တဲ့ နောက်ကဆက်တဲ့ စကားတွေ ရှိတဲ့ ထဲက -holic နဲ့ ဆုံးတဲ့ စကားလုံးတွေဟာ တစ်စုံတစ်ခုကို စွဲနေသူလို့ အဓိပ္ပါယ် ပေါက်ပါတယ်။ ၀ီကီထဲမှာ ရှာကြည့်တော့ ဟောဒီ စကားလုံးတွေ ထွက်လာတယ်။ တချို့စကားလုံးတွေက လူအများ သိပြီးသားထင်ပါရဲ့။
alcoholic - အရက် စွဲသူ
chocoholic - ချောကလက် စွဲသူ
cleanaholic - သန့်ရှင်းတာ ကြိုက်သူ
shopaholic - ဈေးဝယ်စွဲသူ
smokeaholic - ဆေးလိပ်စွဲသူ
bookaholic - စာအုပ်စွဲသူ
blogaholic - ဘလော့စွဲသူ
x-aholic - ??
x-oholic - ??
စွဲချင်တာစွဲ... စွဲသမျှကို -holic နောက်ကထည့်ပြီး ခေါ်လို့ရတဲ့ပုံပါပဲ။
သင်ရော ဘာဟောလစ်သမားပါလိမ့်။
alcoholic - အရက် စွဲသူ
chocoholic - ချောကလက် စွဲသူ
cleanaholic - သန့်ရှင်းတာ ကြိုက်သူ
shopaholic - ဈေးဝယ်စွဲသူ
smokeaholic - ဆေးလိပ်စွဲသူ
bookaholic - စာအုပ်စွဲသူ
blogaholic - ဘလော့စွဲသူ
x-aholic - ??
x-oholic - ??
စွဲချင်တာစွဲ... စွဲသမျှကို -holic နောက်ကထည့်ပြီး ခေါ်လို့ရတဲ့ပုံပါပဲ။
သင်ရော ဘာဟောလစ်သမားပါလိမ့်။
