အင်မတန် မြန်ဆန်လွန်းတဲ့ ၂၀၁၀အတွင်းမှာ ပျော်ခဲ့ရသလို ငိုခဲ့ရတယ်၊ ကြည်နူးခဲ့ရသလို လွမ်းလည်း လွမ်းခဲ့ရတယ်၊ အောင်မြင်ခဲ့ရတာတွေ ရှိသလို ရှုံးနိမ့်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်၊ ပိုင်ဆိုင်ခဲ့ရတာတွေ ရှိသလို ဆုံးလည်း ဆုံးရှုံးခဲ့ရတယ်။ မျှော်လင့်ခဲ့ရတာတွေ ရှိသလို လက်လျှော့ခဲ့ရတာတွေလည်း ရှိတယ်။ ထက်မြက်နိုင်ခဲ့သလို ပျော့လည်း ပျော့ညံ့ခဲ့တာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ကျွန်မတစ်ယောက်ထဲပဲ။ ပျော့ညံ့စေခဲ့တဲ့ အကြောင်းအရာတွေအတွက် ဒီထက် ပိုခံနိုင်ရည်ရှိတဲ့သူတစ်ယောက် ဖြစ်ချင်တာကလွဲရင် ကျန်တာတွေကို ပြန်မပြင်ချင်ပါဘူး။ ဘ၀တစ်ခု အဖြစ် အဓိပ္ပါယ်ရှိအောင် အဲဒီဆန့်ကျင်ဘက်တွေကပဲ ပံ့ပိုးပေးခဲ့တာ မဟုတ်လား။ သည်းခံ စိတ်ရှည်ပြီး အနစ်နာခံ ချစ်ပေးတဲ့ မိသားစုကို ကျေးဇူးအင်မတန်တင်ပါတယ်။ မိတ်ကောင်းဆွေကောင်း သူငယ်ချင်းအပေါင်းကို လည်း ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အနာတရဖြစ်အောင် လုပ်ခဲ့တဲ့ ချစ်သူ မုန်းသူ မိတ်ဆွေ ရန်သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တခါတရံ ကိုယ့်ကို နာကျင်အောင် မလုပ်ကောင်းဘူးထင်တဲ့ သူတွေက အဆိုးရွားဆုံး နာကျင်စေတတ်တယ်ဆိုတာ သိစေခဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဘ၀ဆိုတာ တိုတိုလေးပါ။ အဲဒီဘ၀တိုတိုလေးထဲမှာရတဲ့ အတွေ့အကြုံတွေအတွက် လူတိုင်းကို ကျေးဇူးတင်ရမယ်ထင်တယ်။ ဒီနေ့ တရားရိပ်သာမှာ ပြုခဲ့တဲ့ ကုသိုလ်တွေကို အားလုံးကို မျှဝေပါတယ်။ ခုတလော ရေးချင်တာရေး တင်ချင်တာတင်နဲ့ မို့ ဘလော့ကို တကူးတက လာဖတ်ဖြစ်ခဲ့ရင် ကုန်သွားရတဲ့ အချိန်တွေအတွက် တောင်းပန်ပါတယ်။ အလုပ်အားတဲ့ အခါ စာပြန်ရေးနိုင်အောင် ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ်။
Monday, November 29, 2010
Subscribe to:
Post Comments (Atom)

4 comments:
သာဓုပါ..ဂျမ်း
အတော်ပဲ.. ပေါ်တော်မူ လာတုန်း..ဖမ်းပြီး တဂ် လိုက်အုံးမယ်။
http://kthwe.blogspot.com/2010/10/blog-post_31.html
ပုံ၇ိပ်ဟောင်း များ.. တင်(ေ၇း) ပေးပါ။
စပ်စု ချင်လို့....
ခင်မင်စွာဖြင့်..
း)
အလှုအတွက် သာဓုခေါ်ပါတယ် ဂျမ်းရေ...
ပြီးတော့ အားတဲ့ အချိန်တွေမှာလည်း အရင်ကလို စာပြန်ရေး စေချင်ပါတယ်...
၂၀၁၁ မှာ ပျော်စရာတွေ အောင်မြင်မှုတွေ အများကြီး ဂျမ်းအတွက် ဖြစ်ပါစေလို့ အကြို ဆုတောင်းသွားပါတယ်...။
သာဓုခေါ်ပါတယ် ဂျမ်း...
မမနေကြာပန်း.. =)
ပြန်တွေ့ရတာ ဝမ်းသာပါတယ်..
တရားရိပ်သာမှာ ပြုခဲ့တဲ့ ကုသိုလ်တွေကိုလည်း သာဓုခေါ်ပါတယ်။
စာတွေပြန်ရေးနိုင်ပါစေနော်။
Post a Comment